Gouache ဝယ်ရမလား? Poster ပဲ သုံးရမလား?ဝေခွဲမရဖြစ်နေရင် ဒါလေးအရင်ဖတ်!(Gouache vs Poster Color: What’s the Difference?)

Gouache ဝယ်ရမလား? Poster ပဲ သုံးရမလား?
ဝေခွဲမရဖြစ်နေရင် ဒါလေးအရင်ဖတ်! (Gouache vs Poster Color: What’s the Difference?)
.
ပန်းချီဆွဲရတာ ဝါသနာပါတဲ့သူတွေနဲ့ Beginner တွေကြားမှာ အမြဲတမ်း ဗွေဖောက်ရတဲ့ မေးခွန်းဟောင်းကြီးကို ဒီနေ့ အပြတ်ရှင်းပေးမယ်ဗျာ။ ကျွန်တော်တို့ ဆိုင်ကိုလာတဲ့သူတိုင်းလည်း "အကိုရေ.. Poster နဲ့ Gouache က အတူတူပဲမလား?" ဆိုပြီး ခဏခဏ လာမေးတတ်ကြလို့ပါ။
ကဲ... Artလောကထဲ ခြေစုံပစ်ဝင်တော့မယ့်သူတွေအတွက် ဒီအချက်လေးတွေ သိထားမှ ပိုက်ဆံမဖြုန်းတီးမိမှာနော်။ ကဲ... ဒါဆိုစလိုက်ရအောင်
.
====
.
၁။ Poster Color (ဈေးနှုန်းသက်သာပြီး အလွယ်သုံးချင်သူများအတွက်)
Poster က များသောအားဖြင့် ကျောင်းသားသုံး (Student Grade) အဆင့်ပါ။ Binderအနေနဲ့ ဈေးသက်သာတဲ့ ကော်ဓာတ်ကို သုံးထားတာများပါတယ်။
.
အားသာချက်: ဈေးသက်သာတယ်၊ အရောင်တောက်တောက်တွေ ရတယ်၊ အကြီးကြီးတွေ ဆွဲဖို့ အဆင်ပြေတယ်။
အားနည်းချက်: ကြာလာရင် အရောင်လွင့်လွယ်တယ် (Fading)၊ ခြောက်သွားရင် ဆေးသားက အမှုန့်လိုက် ကွာကျတတ်တယ် (Chalky ဖြစ်တယ်)။ Professional အဆင့် သိမ်းထားမယ့် ပန်းချီကားတွေအတွက် မသင့်တော်ပါဘူး။
.
၂။ Gouache Color (Professional နဲ့ Designer တွေအတွက်)
ဒါကတော့ "Watercolors on steroids" လို့တောင် တင်စားကြပါတယ်။ အရောင်အနှစ် (Pigment) အရမ်းများပြီး Binder အနေနဲ့ အရည်အသွေးမြင့် Gum Arabic ကို သုံးထားတာပါ။
.
အားသာချက်: အရောင်တွေက အရမ်းလှတယ်၊ ခြောက်သွားရင် Matte Finish (အပြောင်မဟုတ်တဲ့ လည်သာသားလို) လေးဖြစ်ပြီး ဓာတ်ပုံရိုက်ရင် အရမ်းလှတယ်။ နှစ်အကြာကြီးခံတယ်။
အားနည်းချက်: ဈေးကြီးတယ်၊ ဆေးဗူးသေးသေးလေးတွေနဲ့ပဲ လာတတ်တယ်။
.
====
.
သူတို့နှစ်ခု ဘာတွေကွာခြားလဲ? (တည့်တည့်ပြောရရင်)
အရည်အသွေး: Poster က ကျောင်းသားသုံးအဆင့် (Student Grade) ဖြစ်ပြီး၊ Gouache ကတော့ ပညာရှင်သုံး (Artist Grade) အဆင့်ပါ။
ဆေးသားအနှစ်: Gouache မှာ အရောင်အနှစ် (Pigment) ပိုစိပ်လို့ ဆေးသားပိုသိပ်သလို ခံစားရပြီး Poster ကတော့ Filler (အစာသွတ်ဓာတ်) ပိုများပါတယ်။
ကြာရှည်ခံမှု: Gouache က နှစ်ပေါင်းများစွာ အရောင်မပြောင်းဘဲ ခံနိုင်ရည် (Lightfastness) ပိုမြင့်ပါတယ်။
ဈေးနှုန်း: Posterက အရွယ်အစားကြီးကြီးကို ဈေးသက်သက်သာသာနဲ့ ရနိုင်ပေမဲ့ Gouache ကတော့ ဗူးသေးသေးလေးကိုတောင် ဈေးအတော်ပေးရပါတယ်။
.
====
.
Gouacheနဲ့Posterကို အတူတူတွဲသုံးလို့ရလား?
တိုတိုနဲ့လိုရင်းဖြေရရင်"ရပါတယ်"ဗျာ။
.
ဥပမာ- Background အကျယ်ကြီးတွေကို ဈေးသက်သာတဲ့ Poster နဲ့ အရင်ချ၊ ပြီးမှ အသေးစိတ် (Detail) နဲ့ အလင်းအမှောင် (Highlight) တွေကို Gouache နဲ့ ထပ်တင်ရင် Budget လည်း ချွေတာရာရောက်သလို ပန်းချီကားလည်း ကြည့်ကောင်းသွားမှာပါ။
.
သတိထားရန်: နှစ်ခုလုံးက ရေနဲ့ပြန်ဖျော်လို့ရတဲ့ (Re-activatable) ဆေးတွေဖြစ်လို့ အလွှာထပ်တဲ့အခါ အောက်ကဆေးတွေ ပျော်မတက်လာအောင် လက်လေးနည်းနည်း ငြိမ်ဖို့တော့ လိုမယ်နော်။
.
Gouacheနဲ့Posterကိုရောစပ်ပြီးရောသုံးလို့ရလား?
.
ဒါလဲရတော့ရပါတယ် တစ်ခုတော့ရှိတယ် အတူရောစပ်လိုက်တဲ့အခါ ရလဒ်ကတော့ စပ်လိုက်တဲ့ အချိုးအစားပေါ် မူတည်ပြီး ပြောင်းလဲသွားလိမ့်မယ်" လို့ ဖြေပါရစေ။
.
သူတို့နှစ်ခုကို ရောစပ်ပြီး ရေးဆွဲတဲ့အခါ သိထားသင့်တဲ့ အချက် ၃ ချက် ရှိပါတယ်ဗျာ။
၁။ Texture နဲ့ Quality ပြောင်းလဲမှု
Gouache ရဲ့ အားသာချက်က နူးညံ့ချောမွေ့တဲ့ ဆေးသား (Creamy texture) ဖြစ်ပြီး Poster ကတော့ အနည်းငယ် ကြမ်းတမ်းပါတယ်။
.
Mixed လုပ်လိုက်ရင်: Gouache သီးသန့်သုံးသလောက် ဆေးသားက မချောမွေ့တော့သလို၊ Poster သီးသန့်သုံးတာထက်စာရင်တော့ အရောင်အနှစ် (Pigment) ပိုအားကောင်းလာပါလိမ့်မယ်။
.
၂။ ခြောက်သွားတဲ့အခါ ဖြစ်ပေါ်မယ့် အာနိသင် (Finish)
Gouache က ခြောက်သွားရင် Velvet လိုလို၊ Matte သားလိုလိုနဲ့ အရမ်းလှတဲ့ အဆင့်မြင့် Finish ကို ပေးပါတယ်။ Poster ကတော့ ခြောက်သွားရင် အမှုန့်ထသလို (Chalky) ဖြစ်တတ်ပါတယ်။
.
သတိထားရန်: Poster ဆေး အချိုးအစား ပိုများသွားရင် Gouache ရဲ့ လှပတဲ့ Matte Finish ပျောက်သွားနိုင်ပြီး ရေရှည်မှာ ပန်းချီကား ဆေးသားကွဲအက် (Cracking) ဖြစ်နိုင်ခြေ ပိုများလာပါတယ်။
.
၃။ Professional Level ဆိုရင်တော့ သီးသန့်စီ သုံးပါ။
အပျော်တမ်းဆွဲတာ ဒါမှမဟုတ် လေ့ကျင့်ခန်းဆွဲတာဆိုရင် Mixed လုပ်တာ ပြဿနာမရှိပါဘူး။ ဒါပေမဲ့ ကာလရှည် သိမ်းဆည်းမယ့် ပန်းချီကားတွေ၊ ရောင်းမယ့်ကားတွေဆိုရင်တော့ မရောစပ်ဘဲ သီးသန့်စီ သုံးတာ အကောင်းဆုံးပါ။ ဘာလို့လဲဆိုတော့ Poster ဆေးမှာပါတဲ့ ဈေးပေါတဲ့ Binder (ဆေးစေး) တွေက Gouache ရဲ့ ကြာရှည်ခံနိုင်စွမ်း (Archival quality) ကို ကျဆင်းစေလို့ပါ။
.
====
.
Kar Kar Gyi’s Pro Tip (အကြံပြုချက်)
ဆေးနှစ်မျိုးကို ပန်းကန်ပြားထဲမှာ ရောမွှေလိုက်တာထက် Layering (အလွှာလိုက်) သုံးတာက ပိုထိရောက်ပါတယ်။
.
အောက်ခံ Background အကျယ်ကြီးတွေကို Poster နဲ့ အရင်ချပါ။
ပြီးမှ အပေါ်က အရေးကြီးတဲ့ Highlight တွေနဲ့ Detail တွေကို Gouache နဲ့ ထပ်ရေးပါ။ ဒါဆိုရင် ဆေးလည်းမကုန်သလို ပန်းချီကားလည်း အရည်အသွေး တက်လာမှာပါ။
.
ပန်းချီပစ္စည်းတွေအကြောင်းက လေ့လာလေ စိတ်ဝင်စားဖို့ကောင်းလေပါပဲ။ အခုပြောပြသွားတဲ့ Poster နဲ့ Gouache အကြောင်းက အသုံးဝင်တယ်ဆိုရင် တခြားသူတွေပါ ဖတ်ရအောင် Share လေးနဲ့ ကူညီပေးပါဦးနော်။
.
နောက်ထပ်ရော ဘယ်လိုပစ္စည်းတွေအကြောင်း ဒါမှမဟုတ် ပန်းချီနဲ့ပါတ်သတ်တဲ့အကြောင်းအရာတွေ သိချင်တာရှိလဲဗျ? သိချင်တာလေးတွေရှိရင် Commentမှာရေးခဲ့ပေးပါ၊ ကျွန်တော် လေ့လာထားသလောက်၊ အတွေ့အကြုံရှိသလောက် ဝေမျှပေးသွားပါမယ်!



Comments