Beginnerတိုင်းမဖြစ်မနေသိထားသင့်တဲ့ အစဉ်အလာကြီးမားတဲ့ကမ္ဘာကျော်Art Brand (၂၀)အကြောင်းတစေ့တစောင်း။ (Best Art Supply Brands)

Beginnerတိုင်းမဖြစ်မနေသိထားသင့်တဲ့ အစဉ်အလာကြီးမားတဲ့ကမ္ဘာကျော်Art Brand (၂၀)အကြောင်းတစေ့တစောင်း။ (Best Art Supply Brands)
.
ပန်းချီဆွဲရတာ ဝါသနာပါပေမဲ့ ကိုယ်ဆွဲချင်တဲ့ Medium အတွက် ဘယ် Brand က အကောင်းဆုံးလဲဆိုတာ မသိရင် ပိုက်ဆံကုန်သလောက် အရာမထင်တာမျိုး ဖြစ်တတ်ပါတယ်။ ပန်းချီကားတစ်ချပ်ရဲ့ အသက်ဝင်မှုက အနုပညာရှင်ရဲ့ Skill ပေါ်မှာတင်မကဘဲ အသုံးပြုလိုက်တဲ့ Material အရည်အသွေးပေါ်မှာလည်း အများကြီး စကားပြောပါတယ်ဗျာ။
.
Adminတို့လည်း အစပိုင်းမှာ ဘယ်ဟာကောင်းမှန်းမသိလို့ ရမ်းဝယ်ရင်း အကြိမ်ကြိမ် မှားခဲ့ဖူးပါတယ်။ ဒါကြောင့် အခုမှစတင်လေ့လာနေတဲ့ Beginner တွေပဲဖြစ်ဖြစ်၊ ဝါရင့်Professional တွေပဲဖြစ်ဖြစ် သင့်ရဲ့ဖန်တီးမှုတွေကို အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ့် ကမ္ဘာကျော် Art Brand (၂၀) ရဲ့ လျှို့ဝှက်ချက်တွေကို ဒီနေ့ Kar Kar Gyi ကနေ ဗဟုသုတအဖြစ် အသေးစိတ် မျှဝေပေးလိုက်ပါတယ်။
.
====
.
သမိုင်းအစဉ်အလာကြီးမားတဲ့ ကမ္ဘာကျော် Art Brand (၂၀)
၁။ Winsor & Newton (Est. 1832)
သမိုင်းအကျဉ်း: အင်္ဂလန် Royal Academy က အနုပညာရှင်တွေ စတင်အသုံးပြုခဲ့ပြီး Fine Art Standard ကို သတ်မှတ်ပေးခဲ့တဲ့ Brand ပါ။
Artist Opinion: “Color accuracy နဲ့ Consistencyအရအကောင်းဆုံးပဲ။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Professional Watercolor နဲ့ ဂန္ထဝင် Series 7 Brushes တွေက သူတို့ရဲ့ အသက်ပါဘဲ။
.
၂။ Faber-Castell (Est. 1761)
သမိုင်းအကျဉ်း: ကမ္ဘာပေါ်မှာ အဟောင်းဆုံး Art Supply Company ကြီးတွေထဲက တစ်ခုပါ။
ပညာရှင်တွေရဲ့အမြင်အရ : “Colored Pencil နယ်ပယ်မှာတော့ ပြိုင်ဘက်ကင်းပဲ။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Polychromos Colored Pencils နဲ့ Albrecht Dürer Watercolor Pencils တွေက အရမ်းနာမည်ကြီးပါတယ်။
.
၃။ Royal Talens (Est. 1899)
သမိုင်းအကျဉ်း: ဥရောပ Art School တွေရဲ့ ကျောရိုး (Backbone) Brand တစ်ခုပါ။
ပညာရှင်တွေရဲ့အမြင်အရ : “Studentကနေ Professionalအဆင့်ကို ကူးပြောင်းဖို့ အကောင်းဆုံးပဲ။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Rembrandt Oil & Watercolor နဲ့ Van Gogh Series လေးတွေပါ။
.
၄။ Caran d’Ache (Est. 1915)
သမိုင်းအကျဉ်း: ဆွစ်ဇာလန်ရဲ့ တိကျသေချာမှုကို Art Supply ထဲ ထည့်သွင်းထားတဲ့ Luxury Brand အစစ်ပါ။
ပညာရှင်တွေရဲ့အမြင်အရ : “Color richness နဲ့ Smoothness ကတော့ တကယ့်ကို မိုက်တယ်။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Luminance 6901 Colored Pencils နဲ့ Neocolor I & II တွေဖြစ်ပါတယ်။
.
၅။ Sennelier (Est. 1887)
သမိုင်းအကျဉ်း: ကမ္ဘာကျော်ပန်းချီဆရာကြီး Picasso အတွက် Oil Pastel ကို သီးသန့် ဖန်တီးပေးခဲ့တဲ့ ပါရီမြို့က Brand ပါ။
ပညာရှင်တွေရဲ့အမြင်အရ : “Color ရဲ့ Emotional depth အရမ်းကောင်းတယ်။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Extra-Fine Oil Color နဲ့ ကမ္ဘာကျော် Oil Pastels တွေပါ။
.
၆။ Schmincke (Est. 1881)
သမိုင်းအကျဉ်း: လက်မှုပညာ (Handmade Quality) ကို ယနေ့တိုင် အပြည့်အဝ ထိန်းထားနိုင်တဲ့ ရှားပါး Brand ပါ။
ပညာရှင်တွေရဲ့အမြင်အရ : “Watercolor Transparency (ကြည်လင်မှု) အမြင့်ဆုံးပဲ။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Horadam Watercolor နဲ့ Norma Oil Color တွေပါ။
.
၇။ Canson (Est. 1557)
သမိုင်းအကျဉ်း: ကမ္ဘာပေါ်မှာ သက်တမ်းအရင့်ဆုံး Art Paper ထုတ်လုပ်သူပါ။
ပညာရှင်တွေရဲ့အမြင်အရ : “Paper Quality ဆိုတာ Canson ကို ယုံကြည်တာပဲ။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Watercolor Paper တွေနဲ့ Heritage Series တွေပါ။
.
၈။ Derwent (Est. 1832)
သမိုင်းအကျဉ်း: ခဲတံနဲ့ပတ်သက်တဲ့ ဆန်းသစ်တီထွင်မှု (Innovation) တွေကို အမြဲလုပ်နေတဲ့ Brand ပါ။
ပညာရှင်တွေရဲ့အမြင်အရ : “Experimental Techniques အသစ်တွေ စမ်းသပ်ဖို့ အလွန်ကောင်းတယ်။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Inktense Pencils နဲ့ Graphitint တွေပါ။
.
၉။ Sakura (Est. 1921)
သမိုင်းအကျဉ်း: ခေတ်သစ် Illustration နဲ့ Manga Culture ကို အကြီးအကျယ် ထောက်ပံ့ပေးထားတဲ့ ဂျပန် Brand ပါ။
ပညာရှင်တွေရဲ့အမြင်အရ : “Line work တွေဆွဲဖို့အတွက် Unbeatable ပါပဲ။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Pigma Micron Pens နဲ့ Gelly Roll တွေပါ။
.
၁၀။ Staedtler (Est. 1835)
သမိုင်းအကျဉ်း: Technical ပိုင်းရော၊ Art ပိုင်းမှာပါ နှစ်မျိုးလုံး ယုံကြည်စိတ်ချရပါတယ်။
ပညာရှင်တွေရဲ့အမြင်အရ : “Consistency (တစ်သမတ်တည်းဖြစ်မှု) နဲ့ Durability (ခိုင်ခံ့မှု) အရမ်းကောင်းတယ်။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Mars Lumograph Pencils နဲ့ Pigment Liners တွေပါ။
.
၁၁။ Holbein (Est. 1900)
သမိုင်းအကျဉ်း: ဂျပန်လက်မှုပညာနဲ့ အနောက်တိုင်း Fine Art တို့ရဲ့ အကောင်းဆုံး ပေါင်းစပ်မှုပါ။
ပညာရှင်တွေရဲ့အမြင်အရ : “Watercolor ရဲ့ Pigment Purity အရမ်းမြင့်တယ်။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Artists’ Watercolor (Ox Gall မပါဝင်ပါ) နဲ့ Acrylic Gouache တွေပါ။
.
၁၂။ Golden Artist Colors (Est. 1980)
သမိုင်းအကျဉ်း: Acrylic Innovation ကို ဦးဆောင်နေတဲ့ ခေတ်သစ် Modern Brand ကြီးပါ။
ပညာရှင်တွေရဲ့အမြင်အရ : “Acrylic ဆိုရင်တော့ Golden က ထိပ်ဆုံးပဲ။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Heavy Body Acrylic နဲ့ Fluid Acrylic တွေပါ။
.
၁၃။ Liquitex (Est. 1955)
သမိုင်းအကျဉ်း: ကမ္ဘာ့ပထမဆုံး Water-based Acrylic Paint ကို ဖန်တီးခဲ့သူပါ။
ပညာရှင်တွေရဲ့အမြင်အရ : “ယုံကြည်ရဆုံး Acrylic Standard ပါပဲ။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Heavy Body Acrylic နဲ့ Acrylic Inks တွေပါ။
.
၁၄။ Prismacolor (Est. 1938)
သမိုင်းအကျဉ်း: Illustration လောကကြီးကို ပုံဖော်ပေးခဲ့တဲ့ Brand ပါ။
ပညာရှင်တွေရဲ့အမြင်အရ : “အရောင်တွေကို Blend လုပ်ရတာ အရမ်းနူးညံ့တယ်။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Premier Soft Core Colored Pencils တွေပါ။
.
၁၅။ M. Graham & Co. (Est. 1994)
သမိုင်းအကျဉ်း: ပျားရည် (Honey) ကို အခြေခံထားတဲ့ Watercolor နဲ့ Oil Paint တွေကြောင့် နာမည်ကြီးပါတယ်။
ပညာရှင်တွေရဲ့အမြင်အရ : “Color Saturation အရမ်းပြင်းပြီး စိုတယ်။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ Honey-based Watercolor နဲ့ Walnut Oil Mediums တွေပါ။
.
၁၆။ Daler-Rowney (Est. 1783)
သမိုင်းအကျဉ်း: Student အဆင့်ကနေ Professional အထိ Market အကျယ်ဆုံး Cover လုပ်ထားနိုင်ပါတယ်။
ပညာရှင်တွေရဲ့အမြင်အရ : “ပေးရတဲ့ ဈေးနှုန်းနဲ့ တန်တဲ့ (Value for money) အကောင်းဆုံးပါပဲ။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : FW Acrylic Ink နဲ့ System3 Acrylic တွေပါ။
.
၁၇။ Arches (Est. 1492)
သမိုင်းအကျဉ်း: Fine Art Watercolor Paper လောကရဲ့ ရွှေစံချိန် (Gold Standard) လို့ တင်စားရတဲ့ စက္ကူပါ။
ပညာရှင်တွေရဲ့အမြင်အရ : “Watercolor အသေအချာ ဆွဲမယ်ဆိုရင် Arches က အကောင်းဆုံးပဲ။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : 100% Cotton Watercolor Paper တွေပါ။
.
၁၈။ Koh-I-Noor Hardtmuth (Est. 1790)
သမိုင်းအကျဉ်း: ခဲတံတွေရဲ့ Grading System (HB, 2B စသဖြင့်) ကို Standardize စတင်သတ်မှတ်ပေးခဲ့သူပါ။
ပညာရှင်တွေရဲ့အမြင်အရ : “Classical Drawing Tools တွေအတွက်ဆို ယုံကြည်ရတယ်။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Graphite Pencils နဲ့ Toison d'Or တွေပါ။
.
၁၉။ Pebeo (Est. 1919)
သမိုင်းအကျဉ်း: Decorative (အလှဆင်) နဲ့ Fine Art နှစ်မျိုးလုံးအတွက် အမြဲဆန်းသစ်မှုရှိတဲ့ Brand ပါ။
ပညာရှင်တွေရဲ့အမြင်အရ : “Special Effect Paints တွေက တကယ့်ကို ထူးခြားတယ်။”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Vitrea Glass Paint နဲ့ Fabric Paint တွေပါ။
.
၂၀။ Mont Marte (Est. 2003)
သမိုင်းအကျဉ်း: Beginner Market ကို အချိန်တိုအတွင်း အမြန်ဆုံး ဖမ်းစားနိုင်ခဲ့တဲ့ သြစတြေးလျ Brand ပါ။
ပညာရှင်တွေရဲ့အမြင်အရ : “ဈေးနှုန်းသက်သာပြီး Amature/Beginnerတွေအတွက် စမ်းသပ်ဖို့ အဆင်ပြေဆုံးပဲ။ ”
ဒီBrandရဲ့အကောင်းဆုံးပစ္စည်းတွေကတော့ : Acrylicတွေနဲ့ Drawing Kits တွေပါ။
.
====
.
Kar Kar Gyi’s Insight (အကြံပြုချက်)
အခုဖော်ပြပေးခဲ့တဲ့ Brand (၂၀) ကတော့ ထုတ်ကုန်အမျိုးအစားစုံလင်မှုနဲ့ ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုထားတဲ့ Overall Reputation အပေါ် အခြေခံပြီး ရွေးချယ်ပေးထားတာ ဖြစ်ပါတယ်။ ပန်းချီလောကကြီးက တကယ့်ကို ကျယ်ဝန်းလွန်းတဲ့အတွက် ဒီစာရင်းထဲမှာ ထည့်သွင်းဖော်ပြဖို့ ကျန်ရစ်ခဲ့တဲ့ တခြားနာမည်ကြီး Brand တွေနဲ့ Specialty Medium တစ်မျိုးတည်း သီးသန့်ထုတ်တဲ့ Brand လေးတွေလည်း အများကြီး ရှိနေနိုင်ပါသေးတယ်။ အရေအတွက်(၂၀)ပဲ ကန့်သတ်ပြီး ရွေးချယ်တင်ပြပေးလိုက်ရတာမို့လို့ မိတ်ဆွေတို့ အကြိုက်ဆုံး Brand လေးတွေ ပါမလာခဲ့ရင်လည်း နားလည်ပေးကြဖို့ Admin က မေတ္တာရပ်ခံချင်ပါတယ်ဗျာ။
.
လက်ရှိ အခြေအနေအရ ပစ္စည်းသွင်းရတာ အခက်အခဲလေးတွေ ရှိနေတော့ ဒီလို ကမ္ဘာကျော် Brand တွေ အစုံအလင်ကို အလွယ်တကူ ဝယ်ယူရရှိဖို့ဆိုတာ တော်တော်လေး ခက်ခဲနေနိုင်တယ်ဆိုတာကို Admin ကောင်းကောင်းကြီး ကိုယ်ချင်းစာ နားလည်ပါတယ်ဗျာ။
.
ဒါပေမဲ့ Brand တိုင်းမှာ သူ့အားသာချက်နဲ့သူ ရှိကြလို့ အကုန်လုံးကို ဝယ်သုံးနေစရာ မလိုပါဘူး။
အဓိကကတော့ အခုလို အချိန်မှာ ဘယ် Brand က ဘာအတွက် အကောင်းဆုံးလဲဆိုတာကို ဗဟုသုတအနေနဲ့ ကြိုတင် လေ့လာသိရှိထားမယ်ဆိုရင်၊ နောက်ပိုင်း လမ်းတွေပြန်ပွင့်လို့ ပစ္စည်းတွေ ပြန်ဝင်လာတဲ့အခါ... ပိုက်ဆံအလဟဿ မကုန်တော့ဘဲ တွေဝေနေစရာမလိုဘဲ ကိုယ့်ဖန်တီးမှုအတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ့် Brand တွေကို ယုံကြည်မှုရှိရှိ ရွေးချယ်ဝယ်ယူနိုင်စေဖို့ Admin က စေတနာထားပြီး ရည်ရွယ်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်ဗျာ။
.
မိတ်ဆွေတို့ဆီမှာရော အခုလက်ရှိ သုံးနေတဲ့ထဲက ဘယ် Brand လေးကို အကြိုက်ဆုံးလဲ? ဒါမှမဟုတ် အခုမှ စမ်းသုံးကြည့်ချင်တဲ့ Brand လေးရှိရင်လည်း တခြားပန်းချီချစ်သူတွေပါ သိသွားအောင် Comment မှာ မျှဝေပေးခဲ့ပါဦးနော်!
.
ပန်းချီပစ္စည်းတွေနဲ့ပတ်သက်ပြီး အသေးစိတ် သိချင်တာရှိရင် Kar Kar Gyi ရဲ့ Chatbox ကနေ အချိန်မရွေး လာရောက်တိုင်ပင်လို့ ရပါတယ်ခင်ဗျာ။



Comments