top of page
  • Black Facebook Icon
  • Black Instagram Icon
  • Black Twitter Icon
  • Black Pinterest Icon

ခဲပန်းချီအတွက်Brush ဝယ်မယ်ဆို ဘာတွေကြည့်ပြီး ရွေးရမလဲ?

Oct 6
3 min read

Updated: Oct 7

ခဲပန်းချီအတွက်Brush ဝယ်မယ်ဆို ဘာတွေကြည့်ပြီး ရွေးရမလဲ?


Brown canvas brush roll with paintbrushes, mesh pocket, and text Available 2 colors Brown Color.

ခဲပန်းချီဆွဲတာဆိုPencil တစ်ချောင်း၊ Paper တစ်ရွက်နဲ့ပြီးပြီလို့ ထင်ရပေမယ့် Portrait နဲ့ Realistic Drawing တွေစလာပြီဆိုရင်တော့—

“Brushလိုသေးလား?”

“ဘယ်Brush သုံးရမှာလဲ?”

“Paint Brush ကိုပဲ သုံးလို့ရလား?”

ဆိုတဲ့မေးခွန်းတွေ စလာတတ်ပါတယ်။


တကယ်တော့ Drawing Brushတွေက Graphite/charcoalကို အရောင်ခြယ်သလိုဖန်တီးဖို့မဟုတ်ပါဘူး။

အဓိကအားဖြင့်—

• Graphite / Charcoal Powderတွေကိုဖြန့်ဖို့

• Shading ကိုညီညာအောင် Blend လုပ်ဖို့

• Soft Transition ဖန်တီးဖို့

• Eraserအမှုန့်တွေကို Drawing မပျက်ဘဲဖယ်ဖို့

သုံးတာပါ။


ဒါပေမယ့် Brush တစ်ချောင်းတွေ့တာနဲ့ ဝယ်လိုက်ရင်တော့အဆင်မပြေပါဘူး။ အမွှေးရဲ့ပျော့မှု၊ Density, Shape နဲ့ Size မတူတာနဲ့ Drawing ထွက်လာတဲ့ Effect လည်း မတူနိုင်ပါဘူး။


ဒါကြောင့် ခဲပန်းချီအတွက် Brush ဝယ်ခါနီး ဒီအချက်တွေ အရင်ကြည့်ဖို့လိုတာပါ။ 👇


1. ပထမဆုံး Brush Hairက ပျော့လား၊ မာလား ကြည့်ပါ

ခဲပန်းချီအတွက် Brush ရွေးတဲ့အခါ အရေးကြီးဆုံးကနုညံ့မှု့ပါ။


Graphite Shadingကို Smoothဖြစ်အောင် Blend လုပ်ချင်တာဆိုရင် Brush Hair က ပျော့နေမှပိုအဆင်ပြေပါမယ်။


အရမ်းမာတဲ့ Bristle ကို Paper ပေါ် ဖိတိုက်လိုက်ရင်—

• Paper Grainတွေပျက်နိုင်တယ်

• Graphite Markကို ပွတ်ဆွဲသလိုဖြစ်နိုင်တယ်

• Shadingမညီဘဲ Patchy ဖြစ်နိုင်တယ်

• Fine Detail ပျက်နိုင်တယ်

ဒါကြောင့် Portrait Skin, Soft Shadow, Background လိုနေရာတွေအတွက်တော့ Soft Synthetic Hair သို့မဟုတ် နူးညံ့တဲ့ Natural Hair Brushက ပိုသင့်တော်ပါတယ်။


တစ်ချက်မှတ်ထားရမှာက—

Drawing BrushဆိုတာPaperကို “ပွတ်ဖို့” မဟုတ်ဘူး။ Graphite ကို နူးနူးညံ့ညံ့ ရွှေ့ပေးဖို့ဆိုတာပါဘဲ။


2. Hair Density ကိုလည်းကြည့်ပါ


Brush Hair ပျော့တာတစ်ခုတည်းနဲ့ မပြီးသေးပါဘူး။


အမွှေးဘယ်လောက်ထူထပ်လဲဆိုတာလည်း Shading Result ကိုသက်ရောက်ပါတယ်။


အမွှေးထူတဲ့Brushက Graphite Powderကို ပိုညီညီညာညာဖြန့်ပေးနိုင်ပြီး Large Area Blendလုပ်တဲ့အခါ အဆင်ပြေပါတယ်။


အမွှေးပါးလွန်းရင် Pressureတစ်နေရာထဲစုပြီး Streak တွေကျန်နိုင်ပါတယ်။


Portrait မှာ—

🔹Cheek

🔹Forehead

🔹Neck

🔹BackgroundလိုAreaကြီးတွေ Blend လုပ်မယ်ဆို အမွှေးထူပြီး၊ ပျော့ပြောင်းတဲ့Brushက ပိုအဆင်ပြေပါတယ်။


Detailလေးတွေလုပ်မယ်ဆိုတော့ Hairအရမ်းထူစရာ မလိုပါဘူး။


3. Brush Shape ကို ဘာအတွက်သုံးမလဲနဲ့ တွဲရွေးပါ 🖌️


ခဲပန်းချီအတွက် Brush Shape မျိုးစုံလိုတာမဟုတ်ပါဘူး။အသုံးအများဆုံးက—

🔹Flat Brush


Background, Neck, Clothes, Large Shadow Area တွေအတွက် ကောင်းပါတယ်။


Surface Contact Area ကျယ်တဲ့အတွက် Graphite Powder ကို Area ကြီးကြီးမှာလဲ ပိုမြန်မြန်နဲ့ညီညီညာညာဖြန့်နိုင်ပါတယ်။


🔹Round Brush

မျက်နှာပေါ် Shading သေးသေး၊ Nose Side, Eye Area, Lip Around လို Control လိုတဲ့နေရာတွေအတွက် အဆင်ပြေပါတယ်။


Round Brush ရဲ့ Tip ကိုသုံးပြီး Detail လုပ်လို့ရသလို Belly နဲ့ Area နည်းနည်းကျယ်ကျယ် Blend လည်းလုပ်လို့ရပါတယ်။


🔹Filbert Brush


Flat နဲ့ Round ကြားပုံစံမျိုးဖြစ်တာကြောင့် Portrait Drawing အတွက် အသုံးဝင်ပါတယ်။


Edge က ဝိုင်းနေတဲ့အတွက် Shading ပြောင်းတဲ့နေရာတွေမှာ Brush Mark တင်းတင်းမကျန်ဘဲ Soft Transition ရဖို့ပိုလွယ်ပါတယ်။


🔹Soft Mop / Large Soft Brush


Background ကြီးကြီးနဲ့ Very Soft Tone ဖန်တီးချင်တဲ့အခါ အသုံးဝင်ပါတယ်။


Portrait Drawing အများကြီးလုပ်သူဆို Brush အမျိုးအစားအများကြီးမဝယ်ခင် Small Round + Medium Filbert + Large Soft Brush လောက်နဲ့စရင်တောင် အတော်အသုံးဝင်ပါတယ်။


4. Brush Size ကို Drawing Size နဲ့ကိုက်အောင်ရွေးပါ


Brushအကြီးက ပိုကောင်းတယ်၊ Brush အသေးက Detail ပိုကောင်းတယ်ဆိုတာတော့ မှန်ပါတယ်။


ဒါပေမယ့် ကိုယ်ဆွဲတဲ့ Drawing Size နဲ့ မကိုက်ရင် အလုပ်လုပ်ရခက်ပါတယ်။


A5 Portrait သေးသေးဆွဲနေသူတစ်ယောက်က Brush အကြီးကြီးနဲ့ Eye Shadow Blend လုပ်မယ်ဆို Control မရပါဘူး။


A2 Portrait ကြီးကြီးဆွဲပြီး Background အကုန် Brush သေးသေးနဲ့ Blend လုပ်မယ်ဆို အချိန်လည်းကြာ၊ Tone လည်း မညီနိုင်ပါဘူး။


အဆင်ပြေအောင်—

• Small Brush — Eyes, Nose, Lips, Fine Shadow

• Medium Brush — Face, Hair, Clothes

• Large Brush — Background, Large Gradient

လိုမျိုး ခွဲသုံးပါ။


Brush Size Number က Brand တစ်ခုနဲ့တစ်ခု မတူနိုင်တာကြောင့် Number တစ်ခုတည်းထက် Actual Brush Sizeကိုကြည့်ပြီးရွေးချယ်တာ ပိုသေချာပါတယ်။


5. Graphite Powder သုံးမယ်ဆို Brush ပိုအရေးကြီးတယ်


တချို့ Artist တွေက Pencil နဲ့တိုက်ရိုက် Shading ဆွဲတာတင်မက Graphite Powder သို့မဟုတ် Charcoal Powderကို Brushနဲ့ယူပြီး Paper ပေါ်တင်ပါတယ်။


ဒီTechniqueမှာ Brushကောင်း/မကောင်းက တော်တော်လေးအရေးကြီးပါတယ်။


Powderကို Brushပေါ်မှာယူပြီး တစ်ခါတည်းအများကြီးတင်တာထက် နည်းနည်းချင်း Build Up လုပ်တာပိုကောင်းပါတယ်။


Soft Brush နဲ့ Light Layer အရင်ချ၊ လိုတဲ့နေရာမှာ ထပ်တင်ပြီး Tone ကိုတဖြည်းဖြည်း နက်အောင်လုပ်ပါ။


ဒီလို Layering လုပ်တဲ့အခါ Brush Hair က—

• Powder ကိုညီညီယူနိုင်ရမယ်

• Paper ပေါ်ညင်ညင်သာသာချနိုင်ရမယ်

• Hard Mark မကျန်စေရဘူး

ဆိုတာက အရေးကြီးပါတယ်။


6. Blending Brush နဲ့ Dusting Brush ကို ခွဲထားတာပိုကောင်းပါတယ်


Drawing လုပ်နေတုန်း Eraserကထွက်တဲ့ အမှုန်တွေနဲ့ Graphite Dustတွေကို လက်နဲ့ဖယ်တတ်ရင် Paper ပေါ် မလိုလားအပ်တဲ့ညစ်ထေးပွန်းပေသွားတာမျိုးဖြစ်နိုင်ပါတယ်။


အဲဒီနေရာမှာ Dusting Brushသီးသန့်ထားတာ အရမ်းအသုံးဝင်ပါတယ်။


Dustဖယ်တဲ့ Brushကတော့ Large, Very Soft Hair ဖြစ်တာကောင်းပါတယ်။ များသောအားဖြင့် ယုန်မွှေး၊ တောဝက်မွှေးကဲ့သို့သော ဖုန်ခါbrushလေးတွေအသုံးများပါတယ်။


Paper ပေါ်ကို Brush နဲ့ဖိပွတ်တာမဟုတ်ဘဲ Dust ကို ဘေးဘက်ကို ညင်သာစွာ Sweeping လုပ်ပြီးဖယ်ရှားတာမျိုးလုပ်သင့်ပါတယ်။


ပြီးတော့ Graphite Blendလုပ်တဲ့ Brushတစ်ချောင်းတည်းကို Dust ဖယ်ဖို့ ပြန်မသုံးတာ ပိုကောင်းပါတယ်။


ဘာကြောင့်လဲဆိုတော့ Brush ထဲမှာ Graphite Powderရှိနေပြီး၊ Light Area ပေါ် သွားထိတဲ့အခါ မလိုချင်တဲ့ Grey Tone ဖြစ်သွားနိုင်လို့ပါဘဲ။


အလွယ်ဆုံးက—

Blend Brush တစ်စု + Clean Dusting Brush တစ်ချောင်းခွဲထားပါ။


7. Brush အနက်ရောင်ဖြစ်နေတာကို “ညစ်နေပြီ” လို့မထင်ပါနဲ့


Graphite Brushကို ခဏကြာသုံးလာရင် Hairထဲမှာ Graphite Pigmentဝင်လာပြီး၊ Brushက မီးခိုးရောင်၊ အနက်ရောင်ဖြစ်လာနိုင်ပါတယ်။


တချို့Artistတွေက အဲဒီBrushကို Light Toneတင်ဖို့မသုံးတော့ဘဲ Dark Value အတွက်သီးသန့်ထားကြပါတယ်။


ဥပမာ—

Light Brush

Mid-tone Brush

Dark Brush

ဆိုပြီး ခွဲသုံးတာမျိုးပါ။

ဒါက Portrait ဆွဲတဲ့အခါ အရမ်းအသုံးဝင်ပါတယ်။


Dark Graphiteတွေပြည့်နေတဲ့Brushကို Cheek Highlightနားမှာသုံးလိုက်ရင် Toneတစ်ခါတည်း မဲညစ်သွားနိုင်လို့ပါ။


8. Makeup Brush သုံးလို့ရလား?


ခဲပန်းချီ Artist တွေကြားမှာ Soft Makeup Brush သုံးတာလည်း တွေ့ရပါတယ်။


အကြောင်းရင်းက Makeup Brush အချို့က Hair အရမ်းပျော့ပြီး Dense ဖြစ်လို့ Large Smooth Shading လုပ်ရတာကောင်းတာပါ။


ဒါပေမယ့် Makeup Brushဆိုတိုင်း Drawingအတွက်ကောင်းတာ မဟုတ်ပါဘူး။


Hair အရမ်းရှည်ပြီး၊ Looseဖြစ်နေရင် ထိန်းချုပ်ရခက်နိုင်သလို Brush Shapeအချို့ကလဲ Detail Drawing အတွက် မသင့်တော်ပါဘူး။


ဒါကြောင့် Label ထက်—

Softness + Density + Shape + Control

ကိုကြည့်ပြီးရွေးတာ ပိုမှန်ပါတယ်။


9. Hair ကျွတ်မကျွတ် သေချာစစ်ပါ


Portrait ဆွဲနေတုန်း Brush Hair တစ်ချောင်း Paper ပေါ်ကျပြီး Graphite နဲ့ကပ်နေရင် တော်တော်စိတ်ညစ်ရပါတယ်။ 😅


Brush အသစ်ဝယ်တဲ့အခါ Hair ကို အရမ်းဆွဲစမ်းတာမဟုတ်ဘဲ ညင်သာစွာလက်နဲ့စမ်းပြီး Loose Hair အရမ်းများလားကြည့်ပါ။


Ferruleက လျော့နေလား၊ Handleနဲ့ဆက်ထားတာ ခိုင်လားဆိုတာတွေလည်း စစ်ဆေးဖို့လိုအပ်ပါလိမ့်မယ်။


စျေးသက်သာတဲ့ Brush တစ်ချောင်းဆိုတာ ပြဿနာမရှိပါဘူး။ဒါပေမယ့် Hair အမြဲကျွတ်နေတဲ့ Brush ဆိုရင် Drawing လုပ်တဲ့အခါ အလုပ်ပိုရှုပ်စေလို့သတိထားရပါမယ်။


10. Brushရှိတိုင်း Shadingအကုန် Blend မလုပ်ပါနဲ့


ဒါက Brush ဝယ်တဲ့အကြောင်းထက် အသုံးပြုပုံနဲ့ပတ်သက်ပြီး အရေးကြီးတဲ့အချက်ပါ။


Realistic Drawing ဆိုတာ Smooth ဖြစ်လေလေကောင်းလေလေ မဟုတ်ပါဘူး။


Brushနဲ့ အကုန်Blendလိုက်ရင်—

Form ပျောက်သွားနိုင်တယ်၊

Contrast ကျသွားနိုင်တယ်၊

Skin Texture ပျောက်နိုင်တယ်၊

Drawing တစ်ပုံလုံး Grey ဖြစ်သွားနိုင်တယ်။


Brush က Pencil Stroke ကို ဖျောက်ဖို့သုံးတဲ့ Tool မဟုတ်ပါဘူး။


Tone Transition လိုတဲ့နေရာမှာ ထိန်းချုပ်ပြီးနဲ့သုံးရတဲ့ Tool ပါ။


Sharp Edge လိုတဲ့နေရာကို Sharp ထားပါ။

Soft Edge လိုတဲ့နေရာကို Brush နဲ့ Soft လုပ်ပါ။


အဲဒီ Difference ရှိမှ Drawingက Depth ပိုထွက်နိုင်တယ်ဆိုတာသတိထားရပါမယ်။


📌အတိုချုံ့ပြန်ပြောရရင် ခဲပန်းချီBrush မဝယ်ခင် ဒီ 7 ချက်ပဲ မှတ်ထားပေးရင်အဆင်ပြေပါပြီ။


① Softness — Paper မနာအောင် Hair ပျော့လား?

② Density — Graphite ကို ညီညီဖြန့်နိုင်လား?

③ Shape — Round, Flat, Filbert ဘယ်ဟာကိုလိုတာလဲ?

④ Size — ကိုယ်ဆွဲတဲ့ Drawing Size နဲ့ကိုက်လား?

⑤ Control — အမွှေးအရမ်းပွပြီး Loose ဖြစ်နေလား?

⑥ Build Quality — အမွှေးကျွတ်လား၊ Ferrule ခိုင်လား?

⑦ Purpose — Blending အတွက်လား၊ Dust ဖယ်ဖို့လား?


နောက်ဆုံးအနေနဲ့ကတော့ခဲပန်းချီအတွက် Brush ရွေးတဲ့အခါ—

“ဘယ် Brush က အကောင်းဆုံးလဲ?”

ဆိုတာထက်

ဒီ Brush ကို ဘာလုပ်ဖို့သုံးမှာလဲ?”

လို့ကိုယ့်ကိုကိုယ်အရင်မေးကြည့်ပါ။


အစကတည်းက Brushတွေအများကြီးဝယ်ဖို့လည်း မလိုပါဘူး။


Soft Brush ၂–၃ ချောင်းကို Size မတူအောင်ရွေးပြီး ကိုယ်အသုံးများတဲ့ Technique ကိုသိလာမှ နောက်ထပ်ဖြည့်သွားတာ ပိုပြီးအကုန်အကျသက်သာပြီး တွက်ခြေကိုက်ပါတယ်။


ပြီးတော့ Brush က Drawing ကိုကောင်းအောင်လုပ်ပေးတဲ့ Shortcut မဟုတ်ပါဘူး။


Pencil Control, Value, Edge နဲ့ Form က အခြေခံဖြစ်ပြီး Brushက အဲဒီအလုပ်တွေကို ပိုသန့်၊ ပိုညီ၊ ပိုထိန်းချုပ်နိုင်အောင် ကူညီပေးတဲ့ Tool တစ်ခုပါဆိုတာကိုတော့ လုံးဝသိထရမယ်နော် ✏️🎨


📌 အခုမှစပြီး ခဲပန်းချီကိုခေ့လာရင်း ဆွဲနေတဲ့တယ်ဆိုရင်တော့ Brushဝယ်ခါနီး ပြန်ကြည့်လို့ရအောင်လို့ဒီPostကို Save ထားအုံးနော်။


💬 မိတ်ဆွေရော ခဲပန်းချီဆွဲတဲ့အခါ Brush, Tissue, Blending Stumpထဲက ဘယ်ဟာကို အများဆုံးသုံးဖြစ်လဲ?


အောက်ကComment မှာ မျှဝေပေးခဲ့ပါဦး။ 👇


နောက်အပါတ်တွေမှာလဲ Beginnerတွေအနေနဲ့ ပစ္စည်းတစ်ခုခုမဝယ်ခင်သိထားရမယ့် အချက်အလက်လေးတွေကိုဖော်ပြသွားမှာမို့လို့ စောင့်ကြည့်ပေးပါအုံး​ဗျ။

Comments


bottom of page