top of page
  • Black Facebook Icon
  • Black Instagram Icon
  • Black Twitter Icon
  • Black Pinterest Icon

ပန်းချီကားပေါ် ဖုန်တွေတင်နေရင် ဆေးသားမထိခိုက်စေဘဲ ဘယ်လိုသန့်ရှင်းမလဲ?(How to Clean a Painting Safely?)

Oct 7
2 min read
Cleaning dust from a painting safely with a soft dry brush

ပန်းချီကားပေါ် ဖုန်တွေတင်နေရင် ဆေးသားမထိခိုက်စေဘဲ ဘယ်လိုသန့်ရှင်းမလဲ? (How to Clean a Painting Safely?)

.

ပန်းချီကားတစ်ချပ်ကို သန့်ရှင်းရေးလုပ်တာ…

ပရိဘောဂတစ်ခုကို သုတ်သင်ရှင်းလင်းတာနဲ့ မတူဘူး။

စားပွဲတစ်လုံး ဖုန်တက်နေရင် အဝတ်စိုလေး ယူပြီး သုတ်လိုက်လို့ ရတယ်။

ပြတင်းပေါက် မှန်ပေကျံနေရင် Glass Cleaner ဖျန်းလိုက်လို့ ရတယ်။

ဒါပေမယ့် ပန်းချီကားတစ်ချပ်ကိုတော့ အဲဒီလိုသွားလုပ်လို့မရဘူး။

.

ဘာလို့လဲဆိုတော့…

အဲဒီ Canvas ပေါ်မှာ အရောင်တွေတင် မဟုတ်ဘူး။

အချိန်တွေ ရှိတယ်။

စိတ်ခံစားချက်တွေ ရှိတယ်။

Artistတစ်ယောက်ရဲ့ ဖန်တီးမှု့လက်ရာတွေ ရှိတယ်။

________________________________________

တစ်ခါတလေ အိမ်နံရံမှာ နှစ်ပေါင်းများစွာ ချိတ်ထားတဲ့ ပန်းချီကားကို ကြည့်လိုက်ရင်…

အရောင်တွေ မှိုင်းနေသလို ထင်ရတယ်။

အပြာရောင်က မတောက်တော့ဘူး။

အနီရောင်ကလည်း အရင်လို မလင်းတော့ဘူး။

လူအများစုက “ဆေးရောင်ကျသွားတာ” လို့ ထင်တတ်ကြတယ်။

တကယ်တော့ အမြဲတမ်း အဲဒီလို မဟုတ်ဘူး။

တစ်ခါတလေ ပြဿနာက အရောင်ပေါ်မှာ မဟုတ်ဘူး။

အရောင်အပေါ်မှာ တဖြည်းဖြည်း စုပုံလာတဲ့ ဖုန်မှုန့်လေးတွေပေါ်မှာ ဖြစ်နေတာ။

.

မနက်ခင်း နေရောင်ခြည်တန်းတစ်ခု ဝင်လာတဲ့အချိန်…

ပန်းချီကားရှေ့မှာ လေထဲ လွင့်နေတဲ့ ဖုန်မှုန့်သေးသေးလေးတွေကို မြင်ဖူးတယ်မဟုတ်လား။

နေ့တိုင်း နည်းနည်းစီ။

တစ်လပြီး တစ်လ။

တစ်နှစ်ပြီး တစ်နှစ်။

အဲဒီဖုန်မှုန့်တွေက Canvas ပေါ်မှာ အလွှာပါးပါးလေး ဖြစ်လာတတ်တယ်။

________________________________________

ဒီနေရာမှာ လူတော်တော်များများ လုပ်မိတဲ့ အမှားတစ်ခု ရှိတယ်။

ရေစိုအဝတ် ယူလိုက်တယ်။

သုတ်လိုက်တယ်။

ဒါမှမဟုတ် အိမ်သန့်ရှင်းရေး ဆေးရည်လေး ဖျန်းလိုက်တယ်။

အဲဒီအချိန်မှာ ဖုန်က ပျောက်သွားနိုင်တယ်။

.

ဒါပေမယ့် နောက်ထပ် အရာတစ်ခုလည်း ပျောက်သွားနိုင်တယ်။

ပန်းချီကားရဲ့ ကာကွယ်ရေးအလွှာ။

Varnish အလွှာ။

တစ်ခါတလေ ဆေးသားကိုယ်တိုင်။

ရေဆိုတာ သန့်ရှင်းပုံရပေမဲ့

Canvasအတွက်တော့ အမြဲတမ်း မဟုတ်ဘူး။

.

အထူးသဖြင့် Varnish မသုတ်ထားတဲ့ ပန်းချီကားတွေမှာ…

ရေက ဆေးသားထဲ စိမ့်ဝင်နိုင်တယ်။

အချို့နေရာတွေမှာ ဖောင်းပွမှု ဖြစ်နိုင်တယ်။

ဓာတုဆေးရည်တွေဆို ပိုဆိုးတယ်။

သူတို့က ဖုန်ကိုမပြောင်စင်တဲ့အပြင်။

Varnishကိုပါ တဖြည်းဖြည်း စားသွားတတ်သေးတယ်။

________________________________________

ဒါဆို ဘယ်လိုလုပ်မလဲ?

အဖြေက ထင်ထားတာထက် ပိုရိုးရှင်းတယ်။

Soft Dry Brush။

ဒီလောက်ပဲ။

.

အမွေးနုနု။

သိပ်မမာတဲ့ Brush တစ်ချောင်း။

Makeup Brush အကြီးစားလေးတွေတောင် သုံးလို့ရသေးတယ်။

Brush ကို ကိုင်လိုက်တယ်။

ပြီးတော့ Canvas ရဲ့ အပေါ်ဆုံးထောင့်ကနေ စတယ်။

အပေါ်ကနေ အောက်။

ဖြည်းဖြည်းချင်း။

ဖွဖွလေး။

ဖုန်ကို ဖိမပွတ်ဘူး။

ဆွဲမထုတ်ဘူး။

တွန်းချလိုက်တာမျိုး။

နေရောင်အောက်မှာ ဖုန်မှုန့်လေးတွေလေထဲ လွင့်သွားတာကို မြင်ရတတ်တယ်။

အဲဒီမြင်ကွင်းက ထူးဆန်းတယ်။

ပန်းချီကားပေါ်မှာ အချိန်အကြာကြီးနေခဲ့တဲ့အမှိုက်တွေ အိမ်ပြန်သွားသလိုပဲ။

________________________________________

တချို့ဖုန်တွေကတော့ နည်းနည်း ပိုဇွဲကောင်းတယ်။

Impasto Texture တွေကြားမှာ ဝင်ကပ်နေတယ်။

Brush နဲ့တောင် မလွယ်ဘူး။

ဒီလိုအခြေအနေမှာ ပညာရှင်ဟောင်းတွေ သုံးခဲ့တဲ့ နည်းလမ်းတစ်ခု ရှိတယ်။

ပေါင်မုန့်အဖြူသား။

ဟုတ်တယ်။

တကယ့် ပေါင်မုန့်။

အတွင်းသား နူးနူးညံ့ညံ့လေးကို လုံးလိုက်တယ်။

ပြီးတော့ ဖုန်ကပ်နေတဲ့ နေရာကို ဖွဖွလေး ထိလိုက်တယ်။

ဖုန်က သူ့ဆီ ကပ်ပါသွားတယ်။

.

ဒီနေ့ခေတ်မှာတော့ Kneaded Eraser ကို ပိုသုံးကြတယ်။

အခြေခံက အတူတူပဲ။

ပွတ်တိုက်တာ မဟုတ်ဘူး။

ဖွဖွလေး ကပ်ယူတာ။

ပန်းချီကားကို ကယ်တင်တဲ့ နည်းလမ်းတွေထဲမှာ အနူးညံ့ဆုံး နည်းလမ်းတစ်ခု။

________________________________________

အလုပ်ပြီးသွားတဲ့အခါ…

ပန်းချီကားကို နောက်တစ်ခါ ပြန်ကြည့်လိုက်။

အရောင်တွေ ပြောင်းသွားတာ မဟုတ်ဘူး။

ဒါပေမယ့် ပြန်အသက်ဝင်လာသလို ခံစားရတယ်။

အပြာက ပိုကြည်လာတယ်။

အဝါက ပိုနွေးလာတယ်။

အနီက ပိုတောက်လာတယ်။

.

တကယ်တော့ စာဖတ်သူအနေနဲ့ဘာမှ အသစ်ထပ်မထည့်လိုက်ဘူး။

Varnish မသုတ်လိုက်တာမဟုတ်ဘူး။

ဆေးမတင်လိုက်ဘူး။

ဖုန်ကိုပဲ ဖယ်လိုက်တာ။

ဒါပေမယ့် တစ်ခါတလေ အလှတရားဆိုတာ အသစ်ထပ်ထည့်ခြင်းကနေ မလာဘူး။

ဖုံးအုပ်ထားတဲ့ အရာလေးတွေကို ဖယ်ပေးလိုက်ခြင်းကနေ လာသလိုလို။

ပန်းချီကားတစ်ချပ်ကို သန့်ရှင်းရေးလုပ်ပြီး နောက်ဆုတ်ကြည့်တဲ့အချိန်မှာ အမြဲ တွေးမိတယ်။

Artist တစ်ယောက် ဖန်တီးခဲ့တဲ့ အခိုက်အတန့်တွေက ဒီ Canvas ပေါ်မှာ ရှိနေသေးတယ်။

ဖုန်မှုန့်တွေက အဲဒီအမှတ်တရတွေကို ခဏတာ ဖုံးအုပ်ထားခဲ့ရုံပဲ။

သူတို့ကို နူးနူးညံ့ညံ့ ဖယ်ပေးလိုက်တဲ့အခါ…

အရောင်တွေတင် မဟုတ်ဘူး။

အချိန်တွေလည်း ပြန်ပေါ်လာတယ်။

.

ဘာလို့လဲဆိုတော့…

အနုပညာလက်ရာတစ်ခုကို သန့်စင်ခြင်းဟာ ထိုလက်ရာထဲက မှတ်ဉာဏ်တွေကို ပြန်လည် အရောင်တင်ခြင်းပါပဲ။

Comments


bottom of page