top of page
  • Black Facebook Icon
  • Black Instagram Icon
  • Black Twitter Icon
  • Black Pinterest Icon

Handmade Paper ဆိုတာ ဘာလဲ? သာမန်စက္ကူနဲ့ ဘာတွေကွာခြားလဲ?

Oct 8
2 min read
Handmade watercolor paper with 100% cotton and deckle edges

 

Handmade Paper ဆိုတာ ဘာလဲ? သာမန်စက္ကူနဲ့ ဘာတွေကွာခြားလဲ?


ဈေးကွက်ထဲမှာ ဝယ်လို့ရတဲ့ ရေဆေးစက္ကူတွေကို အဓိကအားဖြင့် ၃ မျိုး ခွဲခြားနိုင်ပါတယ်။


၁။ Machine-made (စက်ရုံထုတ် သာမန်စက္ကူ - Beginner တွေ အသုံးများတယ်)


၂။ Mould-made (စက်တစ်ဝက်၊ လူတစ်ဝက် ဖန်တီးတဲ့စက္ကူ - Professional တွေ သုံးကြတယ်)


၃။ Handmade Paper (၁၀၀% လူကိုယ်တိုင် ဖန်တီးထားတဲ့ Premium စက္ကူ)


.


သာမန် Drawing paper တွေ၊ ဈေးအသင့်အတင့်ရှိတဲ့ ရေဆေးစက္ကူတွေဟာ Wood Pulp (သစ်သားပျော့ဖတ် - Cellulose) နဲ့ ပြုလုပ်ထားတာပါ။ သစ်သားပျော့ဖတ်က ရေစုပ်ယူမှု အားနည်းတဲ့အတွက် 200gsm လောက်ဆိုရင် ရေထိတာနဲ့ ဖောင်းပွပြီး လှိုင်းထသွားတတ်ပါတယ်။ ဒါ့အပြင် အရောင်ကို စက္ကူသားအောက်ခြေထိ မစုပ်ယူနိုင်ဘဲ မျက်နှာပြင်ပေါ်မှာပဲ တင်နေတဲ့အတွက် ဆေးခြောက်သွားရင် အရောင်တွေ အနည်းငယ် မှိန်ကျသွားတတ်ပါတယ်။


.


ဒါပေမယ့် Handmade Paper တွေကတော့ 100% Cotton (ဝါဂွမ်းစစ်စစ်) ကို အသုံးပြုပြီး ပြုလုပ်ထားတာပါ။


.


Handmade Paperလုပ်တဲ့လုပ်ငန်းစဉ်ကို မြင်ယောင်ကြည့်ရအောင်...


ဝါဂွမ်းမျှင်တွေကို ရေနဲ့ ရောမွှေပြီး ကန်ကြီးတစ်ခုထဲမှာ ဖျော်ထားပါတယ်။ အဲ့ဒီနောက် ပညာရှင်က သစ်သားဘောင် (Mould) လေးကို ကန်ထဲနှစ်၊ မှန်ကန်တဲ့ အချိုးအစားနဲ့ ရေစစ်ပြီး စက္ကူတစ်ရွက်ချင်းစီကို ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက် ဖန်တီးရတာပါ။ စက်နဲ့ ဖိချိတ်တာ မဟုတ်တဲ့အတွက် ဝါဂွမ်းမျှင်လေးတွေက ကြုံရာကျပန်း ယှက်နွယ်နေပြီး (Random interwoven fibers) အရမ်းကို ခိုင်ခံ့တဲ့ စက္ကူသားကို ရရှိစေပါတယ်။


.


 ဘာလို့ Handmade Paper က အရမ်းကောင်းရတာလဲ?



၁။ အံ့မခန်း ရေစုပ်ယူနိုင်စွမ်း


100% Cotton ဖြစ်တဲ့အပြင် Handmade လည်း ဖြစ်တဲ့အတွက် ရေကို အများကြီးသုံးရင်တောင် စက္ကူက အလွယ်တကူ လှိုင်းမထသွားပါဘူး။ Wet-on-Wet (စိုနေတဲ့မျက်နှာပြင်ပေါ် စိုနေတဲ့အရောင် ထပ်ခြယ်တဲ့နည်း) ဆွဲတဲ့အခါမှာ ဆေးရောင်တွေက စက္ကူသားပေါ်မှာ လွတ်လွတ်လပ်လပ် စီးမျောသွားပြီး၊ တစ်ရောင်နဲ့တစ်ရောင် အလွန်ချောမွေ့လှပစွာ ပေါင်းစည်းသွားတဲ့ (Smooth Blending) ရလဒ်မျိုးကို ရရှိစေပါတယ်။


.


၂။ Sizing (စက္ကူမျက်နှာပြင် အကာအကွယ်)


ဒါက Artist ၈၀% လောက် သတိမထားမိတတ်တဲ့ အချက်ပါ။ ရေဆေးစက္ကူတိုင်းမှာ "Sizing" လို့ခေါ်တဲ့ ကော်ရည်တစ်မျိုးကို စိမ်ထားရပါတယ်။ အဲ့ဒီ Sizing ရှိမှသာ ဆေးရောင်က စက္ကူအောက်ခြေထိ စိမ့်မဝင်သွားဘဲ မျက်နှာပြင်ပေါ်မှာ လှလှပပလေး နေရာယူနိုင်မှာပါ။ Handmade Paper အများစုဟာ Gelatin (တိရစ္ဆာန်မှရသောကော်) ဒါမှမဟုတ် သဘာဝ Sizing တွေကို စက္ကူသားထဲမှာရော၊ မျက်နှာပြင်ပေါ်မှာပါ နှစ်ထပ် အသုံးပြုထားလို့ အရောင်တွေ ခြောက်သွားရင်တောင် အရမ်းကို တောက်ပြောင်နေတာပါ။ (ဆေးပြန်နုတ် - Lifting လုပ်ရင်တောင် စက္ကူသား လုံးဝ မလန်ပါဘူး။)


.


၃။ The Deckle Edge (သဘာဝအနားသတ်)


Handmade Paper တွေရဲ့ အသက်က ဘေးဘောင်လေးတွေပါပဲ။ စက်နဲ့ ဖြတ်ထားသလို ဖြောင့်တန်းမနေဘဲ သဘာဝအတိုင်း မညီမညာ အနားသတ်လေး (Deckle Edge) ဖြစ်နေတာက ပန်းချီကားတစ်ကားလုံးရဲ့ တန်ဖိုးကို ပိုပြီး မြင့်မားသွားစေပါတယ်။ Frame ထဲ ထည့်လိုက်ရင် အရမ်းကို ဂန္တဝင်ဆန်သွားတာပေါ့။


.


 မြန်မာနိုင်ငံက Artist တွေ သတိထားရမယ့် အရေးကြီးဆုံးအချက်



ဒါကတော့ Admin အထူးသတိပေးချင်တဲ့ အချက်ပါ။ မြန်မာနိုင်ငံရဲ့ ရာသီဥတုက အလွန်ပူပြီး စိုထိုင်းဆ (Humidity) အရမ်းများပါတယ်။


.


အပေါ်မှာ Admin ပြောခဲ့သလို တကယ့် Handmade Paper အကောင်းစားတွေမှာ Sizing အဖြစ် သဘာဝ အော်ဂဲနစ်ပစ္စည်းတွေကို သုံးထားပါတယ်။ စိုထိုင်းဆများတဲ့ နေရာမျိုးမှာ အဲ့ဒီစက္ကူတွေကို လေဟာပြင်မှာ ဒီတိုင်း ပစ်ထားလိုက်ရင် လေထဲက အစိုဓာတ်ကို စုပ်ယူပြီး မှို (Mold) တွေ တက်လာတတ်သလို Sizing တွေလည်း အားပြယ်သွားတတ်ပါတယ်။ ဒါကို အပြင်ပန်းကြည့်ရုံနဲ့ ခွဲခြားဖို့ မဖြစ်နိုင်သလောက်ပါပဲ။


.


မှိုတက်နေတဲ့ (သို့) Sizing လျော့နည်းနေတဲ့ စက္ကူပေါ်မှာ ဆေးချယ်လိုက်ရင် ဆေးတွေက နေရာအနှံ့ ကွက်ကျားတွေဖြစ်ပြီး လုံးဝ ထိန်းလို့မရတော့ပါဘူး။ ဒါကြောင့် ရေဆေးစက္ကူကောင်းကောင်း ဝယ်တော့မယ်ဆိုရင် ဆိုင်ရဲ့ သိမ်းဆည်းထားတဲ့ အနေအထားကို သတိပြုသင့်သလို၊ ဝယ်ပြီး အိမ်မှာ သိမ်းတဲ့အခါမှာလည်း စနစ်တကျ ဂရုစိုက်ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။


.


 Admin ရဲ့ လက်တွေ့ အကြံပြုချက် (Storage Tips):


 Handmade Paper နဲ့ 100% Cotton Paper တွေကို အပြင်မှာ ဒီတိုင်း မထားပါနဲ့။


 Ziplock Bag (လေလုံတဲ့ ပလတ်စတစ်အိတ်) ထဲ ထည့်သိမ်းပါ။


 အိတ်ထဲကို Silica Gel (အစိုဓာတ်စုပ်တဲ့ ထုပ်လေးတွေ) အနည်းဆုံး ၃-၄ ထုပ်လောက် ထည့်ထားပေးပါ။


 အလုံပိတ် Plastic Container သေတ္တာတစ်ခုထဲမှာ သိမ်းတာ အကောင်းဆုံးပါပဲ။


.


 ဘတ်ဂျက်နဲ့ အသုံးပြုမှု ပိုင်းဆိုင်ရာ အကြံပြုချက်များ


.


"ဒါဆို Admin ရေ... Handmade Paper အကောင်းစားကြီးတွေပဲ အမြဲ သုံးရတော့မှာလား? ဈေးအရမ်းကြီးတယ်လေ" လို့ မေးစရာ ရှိပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ အရာရာတိုင်းမှာ သူ့နေရာနဲ့သူ ရှိပါတယ်။


.


 Beginner တွေနဲ့ Practice လုပ်မယ့် အချိန်:


Sketch ဆွဲဖို့၊ အရောင်စမ်း (Swatch) လုပ်ဖို့၊ Color mixing လေ့ကျင့်ဖို့အတွက်ဆိုရင် 100% Cotton တွေ မလိုအပ်ပါဘူး။ 25% Cotton ပါတဲ့ စက္ကူတွေ၊ 300gsm ရှိတဲ့ Cellulose စက္ကူလေးတွေ သုံးရင် အဆင်ပြေပါတယ်။ (ဒါပေမယ့် 300gsm အောက်ဆိုရင်တော့ Wet-on-Wet ရေးတဲ့အခါ စက္ကူလှိုင်းထနိုင်တယ်ဆိုတာ ကြိုသိထားရပါမယ်။)



 Masterpiece ဆွဲမယ့် အချိန် / Commission အပ်နှံမယ့် အချိန်:


ကိုယ်တကယ် အချိန်ပေးပြီး ဆွဲမယ့် ပုံမျိုး (ဥပမာ - လက်ဆောင်ပေးမယ့်ပုံ၊ Commission အပ်ထားတဲ့ပုံ၊ ပြပွဲဝင်မယ့်ပုံ) ဆိုရင်တော့ မဖြစ်မနေ 100% Cotton Handmade Paper (သို့) Mould-made Paper ကို Invest လုပ်သင့်ပါတယ်။ စက္ကူပေါ်မှာ အရောင်တွေ ပြေးလွှားသွားတဲ့ အရသာ၊ ကိုယ်လိုချင်တဲ့ အနုစိတ် Detail တွေကို စိတ်ကြိုက်ဖန်တီးလို့ရတဲ့ ခံစားချက်က ပေးရတဲ့ဈေးနဲ့ လုံးဝကို တန်ပါတယ်။ ဒါကို Handmade စက္ကူ သုံးဖူးသူတိုင်း ကောင်းကောင်း နားလည်ပါလိမ့်မယ်။


.


 Pro Tip: ဈေးသက်သာချင်ရင် အထုပ်ကြီး (Full Imperial Sheet - 22x30 inches) တွေ၊ စက္ကူအလိပ် (Roll) တွေကို ဝယ်ပြီး ကိုယ်လိုချင်တဲ့ Size လေးတွေ ဖြတ်သုံးတာက Block/Pad အုပ်လေးတွေ ဝယ်တာထက် အများကြီး ပိုတန်ပါတယ်။



 နောက်ဆုံးအနေနဲ့...


အရည်အသွေးကောင်းမွန်တဲ့ Material ဆိုတာ ကိုယ့်ရဲ့ လိုအပ်ချက်လေးတွေကို ဖုံးကွယ်ပေးရုံသာမကဘူး၊ ကိုယ့်ရဲ့ Creativity ကိုပါ အဆုံးစွန်ထိ တွန်းတင်ပေးနိုင်ပါတယ်။ စက္ကူမကောင်းလို့ ပုံထွက်မလှတာကို "ငါ့ကြောင့်ပါ" ဆိုပြီး စိတ်ဓာတ်မကျပါနဲ့။ တစ်ခါတလေကျရင် Material အထောက်အကူကောင်း တစ်ခုက ဖန်တီးမှုရလဒ်ကို လုံးဝ ပြောင်းလဲပစ်နိုင်ပါတယ်။


.


မိတ်ဆွေတို့ရော အရင်က စက္ကူအရွေးမှားမိလို့ ကိုယ်ဆွဲထားတဲ့ပုံလေး လှိုင်းတွေထ၊ ပျက်စီးသွားပြီး စိတ်မကောင်းဖြစ်ခဲ့ရတဲ့ အတွေ့အကြုံမျိုး ရှိဖူးကြလား?


.


အဲ့ဒီတုန်းက ဘယ်လို ခံစားခဲ့ရလဲ ဆိုတာကို Comment မှာ ရင်ဖွင့်သွားလို့ရပါတယ်ဗျ။ နောက်ထပ်ရော ဘယ်လို Art Material အကြောင်းတွေကို သိချင်သေးလဲဆိုတာ ပြောပြပေးခဲ့ပါဦး


Comments


bottom of page