top of page
  • Black Facebook Icon
  • Black Instagram Icon
  • Black Twitter Icon
  • Black Pinterest Icon

Illustratorမရှိခင် Curveတွေကိုဘယ်လိုဆွဲခဲ့လဲ? - French Curve

Oct 7
2 min read

Illustratorမရှိခင် Curveတွေကိုဘယ်လိုဆွဲခဲ့လဲ?

Woman sketches an ornate design with help of French Curve on a large drawing sheet, surrounded by pencils and brushes; art supply ad text.

Adobe Illustrator ဖွင့်မယ်။

Pen Tool ယူမယ်။

Anchor Point နှစ်ခု သုံးခုချမယ်။

Handle လေးဆွဲလိုက်ရုံနဲ့

လိုချင်တဲ့ Curve တစ်ကြောင်းက ချောချောမွေ့မွေ့ ထွက်လာပြီ။

.

မကြိုက်သေးဘူးလား?

Ctrl + Z။

ပြန်ပြင်။

ပိုဝိုင်းချင်ရင် Handle ဆွဲ။

ပိုပြေချင်ရင် Anchor Point ရွှေ့။

.

ဒီနေ့ Designer တစ်ယောက်အတွက် Curve တစ်ကြောင်းဆွဲတာက

မိနစ်တောင်မကြာတဲ့အလုပ်တစ်ခု ဖြစ်သွားပြီ။

.

ဒါပေမယ့်…

Computer မရှိသေးတဲ့အချိန်၊

Illustrator မရှိသေးတဲ့အချိန်၊

Pen Tool ဆိုတာ မရှိသေးတဲ့အချိန်မှာရော

Curve တစ်ကြောင်းကို ဘယ်လိုဆွဲခဲ့ကြလဲ?

.

အဖြေက—

French Curve

ပထမဆုံးမြင်လိုက်ရင်တော့

“ကောက်ကောက်ကွေးကွေးတွေပါတဲ့ပေတံတစ်ချောင်းဘဲမဟုတ်လား?”

လို့ ထင်မိနိုင်တယ်။

.

ဒါပေမယ့် ဒီလို ထူးထူးခြားခြားပုံဆန်လေးဟာ

တစ်ချိန်က Draftsman တွေ၊ Designer တွေ၊ Engineer တွေ၊ Architect တွေ၊ Illustrator တွေအတွက် အရမ်းအသုံးဝင်ခဲ့တဲ့ Drawing Tool တစ်ခုပါ။

.

French Curveကို Straight Ruler လို

တစ်ဖက်တည်းကနေ မျဉ်းတစ်ကြောင်းဆွဲဖို့လုပ်ထားတာမဟုတ်ဘူး။

.

သူ့ရဲ့ ဘေးပတ်ပတ်လည်မှာ degreeအ

မတူတဲ့ Curve ပုံစံတွေ အများကြီးပါနေတယ်။

အနည်းငယ်ပြေတဲ့ Curve၊

ရုတ်တရက်ပိုဝိုင်းသွားတဲ့ Curve၊

ရှည်ရှည်လေးကွေးသွားတဲ့ Curve၊

S ပုံစံနီးပါး ပြောင်းသွားတဲ့ Curve…

တစ်ချောင်းတည်းထဲမှာ

Curve ပုံစံမျိုးစုံ ထည့်ထားတာ။

.

ဒါပေမယ့် ပိုစိတ်ဝင်စားစရာက—

French Curve ကိုယူပြီး

လိုချင်တဲ့ Shape တစ်ခုလုံးကို တစ်ခါတည်း လိုက်ဆွဲတာ မဟုတ်ဘူး။အရင်ဆုံး ကိုယ်လိုချင်တဲ့ Curve ဖြတ်သွားရမယ့် Point တွေ သတ်မှတ်ရတယ်။

.

ပြီးတော့ French Curve ကို

အဲဒီ Point တွေနဲ့ အကောင်းဆုံးကိုက်မယ့်နေရာ ရှာပြီး ချိန်ရတယ်။ကိုက်တဲ့အပိုင်းနည်းနည်းကို ဆွဲ။

ပြီးရင် French Curve ကို ပြန်ရွှေ့။

.

နောက် Point တွေနဲ့ အဆက်ပြေမယ့် Curve အပိုင်းကို ပြန်ရှာ။

ထပ်ဆွဲ။

ပြန်ရွှေ့။

ပြန်ချိန်။

ပြန်ဆွဲ။

.

အပိုင်းသေးသေးလေးတွေကို

တစ်ခုနဲ့တစ်ခု မျက်စိနဲ့ချိန်ပြီး

Smooth ဖြစ်အောင် ဆက်သွားရတာ။

.

ဒီနေ့လို “Smooth Curve” Button မရှိဘူး။

“Undo” မရှိဘူး။

Anchor Point ပြန်ရွှေ့လို့မရဘူး။

.

လက်တစ်ချက်ချော်သွားရင်

အဲဒီလိုင်းက စာရွက်ပေါ်မှာ ကျန်ခဲ့နိုင်တယ်။

.

ဒါကြောင့် Curve ကောင်းကောင်းတစ်ကြောင်းရဖို့

ပစ္စည်းတစ်ခုရှိရုံနဲ့ မပြီးဘူး။

.

မျက်စိလိုတယ်။

လက်လိုတယ်။

စိတ်ရှည်ဖို့လိုတယ်။

ဘယ်အပိုင်းကို ဘယ် Curve နဲ့ဆက်ရမလဲဆိုတဲ့ judgement လိုတယ်။

.

ဒီအချက်က French Curve ရဲ့ အလှဆုံးအပိုင်းဖြစ်နိုင်တယ်။French Curve က Artist ကိုယ်စားဝင်ဆွဲပေးနိုင်တဲ့ Tool မဟုတ်ဘူး။

.

Artist ရွေးထားတဲ့ Curveကို ပိုပြေပြစ်အောင် ကူညီပေးတဲ့ Toolတစ်ခုပါပဲ။

.

အခုခေတ်မှာတော့

ဒီလိုအလုပ်တွေအများကြီးကို Software တွေက အစားထိုးပေးနေပြီ။

.

Vector Curve ဆွဲချင်လား?

Illustrator ရှိတယ်။

Technical Drawing လုပ်ချင်လား?

CAD ရှိတယ်။

.

Shape ကို ပြန်ညှိချင်လား?

Node ကိုရွှေ့လို့ရတယ်။

Scale ချဲ့ချင်လား?

တစ်ချက်နှိပ်ရုံ။

.

Duplicate လုပ်ချင်လား?

တစ်ချက်နှိပ်ရုံ။

.

အဲဒါကြောင့် French Curve လို ပစ္စည်းတွေကို

ဒီနေ့ Art Supply Shelf တွေမှာ အရင်လောက် မတွေ့ရတော့တာ မဆန်းပါဘူး။

.

ဒါပေမယ့် ပစ္စည်းတစ်ခု အသုံးနည်းလာတာနဲ့

သူ့တန်ဖိုးပျောက်သွားတာတော့ မဟုတ်ဘူး။

.

French Curve ကို ဒီနေ့ပြန်ကြည့်တဲ့အခါ

ကောက်ကွေးနေတဲ့ Plastic Ruler တစ်ချောင်းထက် ပိုပါတယ်။

.

သူက—

Design ကို လက်နဲ့တည်ဆောက်ခဲ့တဲ့ခေတ်တစ်ခေတ်ရဲ့ သတိရဖွယ်ရာအတိတ်​ဇာတ်ကြောင်းတစ်ခု။

.

Screen ပေါ်က Pixel တွေ မဟုတ်သေးဘဲ

Paper ပေါ်က Pencil Point တွေနဲ့ Design တစ်ခုစခဲ့ရတဲ့ခေတ်။

.

လိုင်းတစ်ကြောင်းကို မဆွဲခင်

ဘယ်နေရာကဖြတ်ရမလဲဆိုတာ စဉ်းစားရတဲ့ခေတ်။

.

မှားသွားလို့ Ctrl + Z နှိပ်မရတဲ့ခေတ်။

Perfect ဖြစ်ဖို့ Software ရဲ့ Algorithm ကို အားမကိုးဘဲ၊ ကိုယ့်မျက်စိ၊ ကိုယ့်လက်၊ ကိုယ့်အတွေ့အကြုံကို အားကိုးခဲ့ရတဲ့ခေတ်။

.

ဒီနေ့ Tool တွေ ပိုကောင်းလာတာ မမှားပါဘူး။

Technology က Designer တွေကို ပိုမြန်စေတယ်။

ပိုတိကျစေတယ်။ပြန်ပြင်ဖို့ ပိုလွယ်စေတယ်။

.

Idea တစ်ခုကို အကောင်အထည်ဖော်ဖို့ အချိန်လည်း အများကြီးလျော့ပေးတယ်။

.

ဒါပေမယ့် တစ်ခါတလေ

ဒီလိုTool အဟောင်းတွေကို ပြန်ကြည့်ရတဲ့အခါ—

.

ဒီနေ့ လွယ်လွယ်ကူကူလုပ်နေတဲ့အရာတစ်ခုရဲ့ နောက်ကွယ်မှာ အရင်လူတွေ ဘယ်လောက် Skill ထည့်ခဲ့ရသလဲဆိုတာ ပြန်မြင်ရတယ်။တစ်ချိန်က လူတွေရဲ့ Design Process ကိုပါ ကိုယ်စားပြုခဲ့တယ်။

.

အဲဒါကြောင့်လည်း

Art Material တစ်ခုရဲ့ တန်ဖိုးက

“ဒီဟာနဲ့ ဘာလုပ်လို့ရလဲ?” ဆိုတာတစ်ခုတည်းမှာ မရှိဘူး။

.

ဘယ်လိုလူတွေသုံးခဲ့လဲ?

ဘာကြောင့် ဒီလိုပုံစံလုပ်ထားလဲ?

အဲဒီခေတ်မှာ ဘာပြဿနာကို ဖြေရှင်းပေးခဲ့လဲ?

ဒီနေ့ ဘာက သူ့နေရာကို အစားထိုးသွားလဲ?

.

ဒီ Story တွေပါ သိလာတဲ့အခါ

Art Supply တစ်ခုကို ကြည့်တဲ့အမြင်က လုံးဝကွာသွားတယ်။

.

Kar Kar Gyiကလဲ

Art Supply ဆိုတာ “ရောင်းရတဲ့ပစ္စည်း” တစ်ခုအဖြစ်ပဲ မမြင်ခဲ့ပါဘူး။

.

Pencil တစ်ချောင်းဖြစ်ဖြစ်၊

Brush တစ်ချောင်းဖြစ်ဖြစ်၊

Paper တစ်ရွက်ဖြစ်ဖြစ်၊

French Curveလို ဒီနေ့မှာ မျက်စိနဲ့သိပ်မတွေ့တော့တဲ့ Tool တစ်ခုဖြစ်ဖြစ်—

.

ပစ္စည်းတိုင်းရဲ့နောက်မှာ

အသုံးပြုပုံရှိတယ်။

ရွေးချယ်ရတဲ့အကြောင်းရင်းရှိတယ်။

Design ရှိတယ်။

History ရှိတယ်။

.

ပြီးတော့ တစ်ချိန်က ဒီပစ္စည်းကို လက်ထဲကိုင်ပြီး

တစ်ခုခုဖန်တီးခဲ့တဲ့ လူတွေရဲ့အဖြစ်အပျက်တွေလည်း ရှိနေတယ်။

.

အဲဒီ Storyလေးတွေကို မပျောက်သွားစေချင်လို့—

“အခုခေတ်မှာ ရှာရခက်လာတဲ့Art Supplyများ”Seriesမှာ

တစ်ချိန်က Artist၊ Designer၊ Draftsman တွေရဲ့ လက်ထဲမှာရှိခဲ့တဲ့ Tools တွေကို

တစ်ခုချင်း ပြန်ရှာပြီး ပြောပြသွားပါမယ်။

.

ဒီနေ့တော့—

French Curveပေါ့။

နောက်တစ်ခါ ဒီကောက်ကောက်ကွေးကွေး Ruler လေးတစ်ချောင်းကို တွေ့ရင်

“ဒါဘာကြီးလဲ?”လို့ပဲ မမြင်တော့ဘူးလို့ထင်ပါတယ်။

.

Illustratorရဲ့ Pen Tool မရှိခင်

လူတစ်ယောက်ရဲ့လက်နဲ့ Curve တစ်ကြောင်းကို လှပအောင်တည်ဆောက်ခဲ့တဲ့ Tool တစ်ခု လို့

မြင်မိရင်ဘဲပြောပြရကျိုးနပ်ပါပြီ။ ✏️📐

.

ဒီထဲမှာFrench Curveကို ကိုယ်တိုင်သုံးဖူးတဲ့သူရှိရင်လည်း ဘယ်အချိန်၊ ဘယ်လို Drawing တွေမှာ သုံးခဲ့ဖူးလဲ အောက်ကComment မှာ ပြောပြခဲ့ပါဦး။

.

တချို့ပစ္စည်းတွေရဲ့ သမိုင်းက

စာအုပ်ထဲမှာထက် တကယ်သုံးခဲ့ဖူးတဲ့သူတွေရဲ့ အမှတ်တရထဲမှာ ပိုရှင်သန်နေတတ်လို့ပါ။❤️

(အကယ်လို့ သူ့အသံဝင်ပုံလေးကိုသဘောပေါက်နားလည်ပြီး French Curveလေးလိုချင်ရင်တော့ CBမှာလာမေးလို့ရပါတယ်ဗျ )

.

.

Comments


bottom of page