top of page
  • Black Facebook Icon
  • Black Instagram Icon
  • Black Twitter Icon
  • Black Pinterest Icon

Watercolor Paperရှိပြီးသားဆို ဒီArt Ideas 6မျိုးကို စမ်းကြည့်ဖို့မမေ့နဲ့။

Oct 7
3 min read
Watercolor Paper ရှိပြီးသားဆို ဒီ Art Ideas 6 မျိုးကို စမ်းကြည့်ဖို့ မမေ့နဲ့

Watercolor Paperရှိပြီးသားဆို ဒီArt Ideas 6မျိုးကို စမ်းကြည့်ဖို့မမေ့နဲ့။


Watercolor Paper ဝယ်ထားပေမယ့်

Watercolor ဆွဲတဲ့အချိန်မှပဲ ထုတ်သုံးဖြစ်နေလား?

.

တကယ်တော့ Watercolor Paper တစ်အုပ်ရှိရုံနဲ့

ကိုယ်ထင်ထားတာထက် ပိုပြီး Art Experiment တွေ လုပ်လို့ရပါတယ်။

.

တချို့နည်းတွေကတော့

“ဒါကိုလည်း Watercolor Paper ပေါ်မှာလုပ်လို့ရတာလား?” လို့တောင် ထင်မိနိုင်တယ်။

.

တစ်ခုချင်းစမ်းကြည့်ရအောင်

.

1. Watercolor မဟုတ်ပေမယ့် ရေနဲ့အလုပ်လုပ်တဲ့ Paint တစ်မျိုး

ဒါကတော့ Gouache ပါ။

.

Gouache က Watercolor လိုပဲ ရေနဲ့အသုံးပြုရတဲ့ Paint ဖြစ်လို့ Watercolor Paper နဲ့ တော်တော်အဆင်ပြေပါတယ်။

.

Character Illustration၊ Flower Painting၊ Color Study လိုမျိုးတွေ ဆွဲလို့ရတယ်။

 Tip

Detail များများဆွဲချင်ရင် Surface ချောတဲ့ Paper က ပိုအဆင်ပြေတယ်။

Brush Texture လေးကြိုက်ရင် Cold Press ကို စမ်းကြည့်ပါ။

.

—

.

2. Pen တစ်ချောင်းနဲ့ Watercolor ကိုတွဲသုံးလိုက်ရင်ရော?

Pen နဲ့ Outline အရင်ဆွဲပြီး Watercolor နဲ့ Color ဖြည့်တဲ့ Technique ကို Line & Wash လို့ခေါ်ပါတယ်။

.

Building Sketch၊ Cafe Sketch၊ Travel Journal၊ Flower Illustration တွေမှာ တော်တော်လှတယ်။

.

ဒါပေမယ့် ဒီနေရာမှာ လူတော်တော်များများ မှားတတ်တာတစ်ခုရှိတယ်။

.

 Ink က Waterproof မဟုတ်ရင် Watercolor တင်တဲ့အခါ Line ပြန့်နိုင်တယ်ဆိုတာလေးသတိထားဖို့လိုပါတယ်။

.

ဒါကြောင့် Watercolor နဲ့တွဲသုံးမယ်ဆို Waterproof Fineliner သုံးတာ ပိုစိတ်ချရပါတယ်။

.

—

.

3. Pencil နဲ့ခြယ်ထားတာကို Paint Effect ပြောင်းချင်လား?

Watercolor Pencil ကို အရင် Colored Pencil လိုပဲခြယ်ပါ။

.

ပြီးရင် Brush နဲ့ ရေထိလိုက်တာနဲ့

Pencil Texture ကနေ Soft Watercolor Effect ပြောင်းလာပါလိမ့်မယ်။

.

ဒီနေရာမှာ စမ်းကြည့်လို့ကောင်းတဲ့ နည်းလေးတစ်ခုရှိတယ်။

.

ပုံတစ်ဖက်ကို Dry Pencil အတိုင်းထားပါ။

တစ်ဖက်ကို Brush နဲ့ Activate လုပ်ပါ။

.

တစ်ပုံထဲမှာတင် Effect နှစ်မျိုးလုံးကို နှိုင်းယှဉ်ကြည့်လို့ရတယ်။

.

Watercolor Paper က Thin Drawing Paper ထက် ရေကို ပိုခံနိုင်တာကြောင့် ဒီလို Technique တွေအတွက် ပိုအဆင်ပြေပါတယ်။

.

—

.

4. Acrylicရော သုံးလို့ရမလား?

အဖြေက — ရပါတယ်။

.

ဒါပေမယ့် Acrylic ကို ထူထူကြီးတင်တာမဟုတ်ဘဲ ပါးပါးလေးအသုံးပြုပြီး

.

Background

Color Study

Illustration

Wash Effect

လိုမျိုးတွေ ဖန်တီးလို့ရပါတယ်။

.

ဒါပေမယ့်—

.

 Thick Acrylic၊ Heavy Texture၊ Palette Knife Painting လိုမျိုးဆို Canvas ဒါမှမဟုတ် Board က ပိုသင့်တော်ပါတယ်။

.

သုံးလို့ရတယ် ဆိုတာနဲ့ အကောင်းဆုံး Surface ဖြစ်တယ် ဆိုတာ မတူဘူးဆိုတာသတိပြုပါဗျ။

.

—

.

5. Medium တစ်မျိုးတည်းနဲ့ မလုံလောက်ဘူးထင်ရင်?

ဒီနေရာမှာ Watercolor Paper ရဲ့ အားသာချက်က ပိုပေါ်လာတယ်။

.

ဥပမာ—

Watercolor + Colored Pencil

Watercolor + Fineliner

Gouache + Pencil

Ink + Watercolor

Watercolor + White Gel Pen

လိုမျိုး Medium တွေကို ပေါင်းစပ်အသုံးပြုလို့ရပါတယ်။

.

Beginner ဆိုရင်

Watercolor နဲ့ Background အရင်ဆွဲ၊ ခြောက်သွားမှ Pencil ဒါမှမဟုတ် Fineliner နဲ့ Detail ထည့်တာက စမ်းရလွယ်ပါတယ်။

.

 မှတ်ထားဖို့တစ်ချက်က

Medium တစ်မျိုးနဲ့မရတဲ့ Detail ကို တခြား Medium တစ်မျိုးက ကူညီပေးနိုင်တယ်။

.

—

.

6. Paper အစသေးသေးလေးတွေတောင် မပစ်နဲ့နော်

Watercolor Paper ဆိုတာ Painting အကြီးဆွဲဖို့ပဲ မဟုတ်ပါဘူး။

.

အရွယ်သေးသေးဖြတ်ပြီး—

Bookmark

Birthday Card

Gift Tag

Postcard

Color Swatch

Mini Painting

တွေလုပ်လို့ရပါတယ်။

.

Paperက ပုံမှန် Drawing Paper ထက် ထူပြီး Texture လေးပါတာကြောင့် Handmade Work တွေမှာ ပိုပြီး finished look ရတတ်ပါတယ်။

.

—

.

ဒီအထိဖတ်ပြီးတော့

Watercolor Paper ကို Watercolor အတွက်ပဲ သုံးမယ့် Paper လို့ မမြင်တော့ဘူးထင်ပါတယ်

.

ဒါပေမယ့် Watercolor Paper ဝယ်တဲ့အခါ

ဘာကိုကြည့်ပြီးရွေးရမလဲ?

Beginner ဆို ဒီ ၂ ချက်ကို အရင်မှတ်ထားပါ။

① GSM

GSM က Paper ရဲ့ weight/thickness ကို နားလည်ဖို့သုံးတဲ့ အချက်တစ်ခုပါ။

ရေများများသုံးမယ်ဆို 300 gsm ဝန်းကျင်က စသုံးရ အဆင်ပြေတတ်ပါတယ်။

.

ဒါပေမယ့်—

GSM ပိုများရင် အမြဲပိုကောင်းတယ် လို့တော့ မယူဆပါနဲ့။

Paper Fiber၊ Surface၊ Sizing နဲ့ ရေစုပ်ပုံတွေကလည်း Result ကို သက်ရောက်နိုင်ပါတယ်။

.

② Surface

Hot Press → ပိုချော၊ Detail နဲ့ Pen Work အတွက်ကောင်း

.

Cold Press → Texture နည်းနည်းရှိ၊ Watercolor / Gouache / Mixed Media အတွက် All-rounder

.

Rough → Texture ပိုများ၊ Expressive Painting အတွက်ကောင်း

.

ဆုံးဖြတ်ဖို့ဟိုလိုလိုဒီလိုလိုဖြစ်နေတဲ့ Beginnerဆိုရင်တော့ Cold Press က စမ်းသုံးရလွယ်တဲ့ရွေးချယ်မှုပါ။

.

—

.

Beginner တွေ အများဆုံးမှားတတ်တာက

Watercolor ဆွဲလို့ Result မကောင်းတာနဲ့

“ငါမတတ်ဘူးထင်တယ်” လို့ချက်ချင်း မဆုံးဖြတ်ပါနဲ့။

.

တစ်ခါတလေ—

Paper မကိုက်တာ

ရေပမာဏမမှန်တာ

Brush မကိုက်တာ

Paper Surface နဲ့ Technique မကိုက်တာလဲ

ဖြစ်နိုင်ပါတယ်။

.

Material ကို သိလာတာလည်း Art Skill တစ်မျိုးပါပဲ။

.

—

.

Kar Kar Gyi’s Expert Tip

Watercolor Paper အသစ်ဝယ်လာတာနဲ့ ချက်ချင်းကြီးမစခင်

Paper အစလေးတစ်ခုမှာ Test လုပ်ကြည့်ပါ။

.

Watercolor တင်ကြည့်ပါ။

Gouache စမ်းကြည့်ပါ။

Fineliner ဆွဲပြီး ရေထိကြည့်ပါ။

Watercolor Pencil ကို Activate လုပ်ကြည့်ပါ။

.

ဒီလိုလုပ်လိုက်ရင်—

Paper က ရေကိုဘယ်လိုစုပ်လဲ

Color ဘယ်လိုပေါ်လဲ

Ink ပြန့်မပြန့်

ဘယ် Medium နဲ့ပိုကိုက်လဲ

ဆိုတာ ပိုမြန်မြန်သိနိုင်ပါတယ်။

.

နောက်တစ်ခါ Watercolor Paper မြင်ရင်

Watercolor ပဲဆွဲရမယ့် "Paper” လို့ဘဲ မမြင်ဘဲနဲ့၊

ကိုယ်စမ်းသပ်လို့ရတဲ့ Creative Surface တစ်ခုလို့ မြင်ကြည့်တဲ့အခါ ဖန်တီးနိုင်စွမ်းအခွင့်အလမ်းတွေပိုရလာနိုင်ပါတယ်။

.

ရှိပြီးသား Art Supply ကို အသုံးအသစ်တစ်မျိုးနဲ့ ပြန်စမ်းတာက

ပစ္စည်းအသစ်ဝယ်ရသလိုပဲ ပျော်စရာကောင်းပါတယ်။

.

မိတ်ဆွေတို့ကတော့ Watercolor Paper ကို Watercolor အပြင်

ဘာအတွက် သုံးဖူးလဲ? အောက်ကcommentလေးမှာ ဆွေးနွေးသွားနိုင်ပါတယ်ဗျ

.

စမ်းချင်တဲ့ Idea ပါရင် ပြန်ရှာလို့လွယ်အောင်Save ထားပြီး

ဒီလိုအသုံးချလို့ရတာ မသိသေးတဲ့ ပန်းချီဆွဲတဲ့သူငယ်ချင်းတွေရှိရင် Shareပေးလိုက်ပါအုံးဗျ

Comments


bottom of page